တနင်္သာရီ ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်အရှေ့ရှိ မြေစိုက်ဘုတ်တွင် ယမန်နေ့နံနက် ၁၀နာရီ အချိန်မှစ၍ လူငယ်များနှင့်အများပြည်သူလေ့လာသိရှိနိုင်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ်ခေါင်းစဉ်ဖြင့် မူးယစ်ဆေးအကြောင်းအရာများနှင့်ပတ်သက်၍ ကပ်ထားကြေညာပြီး အသိပညာပေးပြသထားရှိကြောင်း သိရသည်။
ထိုသို့အသိပညာပေး ပြသထားရှိရာတွင် မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ်ခေါင်းစဉ်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ၏ အန္တရာယ်ခေါင်စဉ်တို့ဖြင့် ၎င်းတို့နှင့်ဆက်နွယ်သည့် မူးယစ်ဆေးဝါးဆိုင်ရာ ရောင်စုံမှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးနှင့်စိတ်ကြွရူးသွပ်ဆေး၏အဓိပ္ပါယ်များ၊ ကာတွန်းပုံများ၊ ပညာပေးလက်ကမ်းစာစောင်များကို စိတ်ဝင်စားဖွယ်ပြသထားရှိရာ မည်သူမဆို လာရောက်လေ့လာ ကြည့်ရှုနိုင်ပါကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)