မိတ္ထီလာ ဇွန် ၁၅
မိတ္ထီလာမြို့ ပြည်သာယာ(မ)ရပ်ကွက် ရတနာဦးကျောင်းတိုက်တွင် တည်ထောင်ဖွင့်လှစ်ထားသော လောကရတနာ စာကြည့်တိုက် ၃ နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲအား ဇွန်လ ၂၇ ရက်နေ့တွင် ၎င်းစာကြည့်တိုက်၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ လောကရတနာ စာကြည့်တိုက် ၃ နှစ်ပြည့်အထိမ်းအမှတ်စာပေဟောပြောပွဲတွင် မိတ္ထီလာမြို့နယ်စာရေးအသင်းမှ စာရေးဆရာ တင်သော်၊ စာရေးဆရာကြည်သိန်းဇော်နှင့် စာရေးဆရာမ သျှီ(အင်ကြင်း)တို့ စာပေရေးရာများကို ဟောပြောသွားမည်ဖြစ်ပြီး မည်သူမဆိုတက်ရောက် အားပေးနိုင်ကြောင်းသိရသည်။
ချမ်းသာ