ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ Talk Show ကျင်းပ

ကလေး ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာလူထု အခြေပြုဗဟိုဌာန (Community Center) တွင် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးက ဆွေးနွေးခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွောလ်ဆွင်းဗန်က ဆွေးနွေးပွဲကျင်းပခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးက လူမှုကာကွယ် စောင့်ရှောက်ရေးအမျိုးသားအဆင့် လုပ်ငန်းစဉ်များဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးသူငယ်များကို ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ အသက်(၃)နှစ်မှ (၁၅)နှစ် အတွင်းကလေးများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ မသန်စွမ်းသူများအားထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း၊ အများပြည်သူအလုပ်အကိုင်ရရှိရေးအစီစဉ်များ၊ အသက်မွေးဝမ်းကျောင်း ပညာရေးအစီစဉ်များ၊ လူမှုရေးပင်စင် အစီစဉ်များ၊ အသက်ကြီးသူချင်း ကူညီထောက်ပံ့ရေး အဖွဲ့များအား ထောက်ပံ့ပေးခြင်းနှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှု လုပ်ငန်းများ အကြောင်းကို ဆွေးနွေးပေးခဲ့သည်။

ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင် များနှင့် စာပေချစ်မြတ်နိုးသူများဖြင့် အသိပညာပေး ဆွေးနွေးပွဲများ၊ ကလေးများဆိုင်ရာ စွမ်းရည်ပြပြိုင်ပွဲများကို အပတ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)