ကမမောင်းမြို့၌ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေး နံရံကပ် စာစောင်များပြသ

ကမမောင်း ဇွန် ၁၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရှိရသည်။ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲလျှင် စိတ်ဓါတ်ကျခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မိမိကိုယ်မိမိသေကြောင်းကြံခြင်း၊ မိသားစု စိတ်ဓာတ်လျော့နည်းလာခြင်း စသည့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိတတ်ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးအန္တရာယ်ကို မည်သို့ကာကွယ်မလဲ၊ မြန်မာနိုင်ငံနှင့် စိတ်ကြွရူးသွပ်ဆေးပြဿနာ၊ စိတ်ကြွရူးသွပ်ရူးသွပ်ဆေး များ၏ အန္တရာယ်များအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးအလုပ်သမားသည် တရားမဝင်ကြောင်း စသည့်အကြောင်းအရာများကိုသိရှိစေရန် ရည်ရွယ်ချက်ဖြင့် နံရံကပ်စာစောင်များကို ချိတ်ဆွဲပြသပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ ဖြစ်သည့် မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း သိ‌ကောင်းစရာများ ကလေးအလုပ်သမားဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများ ဘေးအန္တရာယ်ကျရောက်သော ကလေးအလုပ်သမားများအကြောင်းသိ ကောင်းစရာများအသိပညာပေး စသည့်အချက်များ ပါဝင်သော နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။

တင်တင်လှ (ပြန်/ဆက်)