Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပိတောက်ကုန်း(လယ်)ကျေးရွာသို့ ယမန်နေ့နေ့လယ်အချိန်က ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့တွင် အသက်(၁)ခွဲအောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Jun 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက်(၉) နာရီခွဲအချိန်တွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင်
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ်စတင်ထိုးနှံပေး
Jun 14,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်- ၁၉ ရောဂါ ကင်းဝေးစေပြီးကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုစဉ် ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်
Jun 14,2022
မွန်ပြည်နယ် မုဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၇ နာရီက မြို့မ (၄)ရပ်ကွက်တွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာအုပ်စာစောင်ပြပွဲကျင်းပ
Jun 14,2022
စစ်ကိုင်တိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို၊ အသိပညာပေးဟောပြောပွဲ နံရံကပ်စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ် အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် (၉)နာရီက အခြေခံပညာကျောင်းများတွင် ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက်( ၁၂)နှစ်မှ ( ၁၇) နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉:၀၀ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော်တွင် ၁၃၈၄ ခုနှစ် နယုန်လပြည့် မဟာသမယ အခါတော်နေ့ အခမ်းအနားကျင်းပ ပြုလုပ်
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ယမန်နေ့ နံနက် ၅ နာရီအချိန်က သာသနာတော် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာစ် ၁၃၈၄ ခုနှစ် နယုန်လပြည့် မဟာသမယ အခါတော်နေ့အတွက် ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့၀င်များ၊ စေတီတော်၀န်ထမ်းများ၊ ဘာသာရေး အသင်းအဖွဲ့များတို့ အပါအ၀င်စုစုပေါင်း အင်အား (၁၂၀)ဦး ခန့်တို့မှ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် များတန်ဆောင်း၌ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ပါ ဆရာတော် (၁၁) ပါး တို့ အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17398
Page
17399
Page
17400
Page
17401
Current page
17402
Page
17403
Page
17404
Page
17405
Page
17406
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department