အမြို့မြို့အနယ်နယ်သတင်းများ

Jun 15,2022
အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 15,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ မိဘများအတွက် ကလေးပြုစုပျိုးထောင်ရာတွင် အသိအမြင်ဗဟုသုတများရရှိစေရန်နှင့် လက်တွေ့ဘဝတွင် အသုံးချတတ်စေရန်ရည်ရွယ်၍ စာရေးဆရာ လယ်တွင်သားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတက်မှ” စာအုပ်ဖြင့် ယမန်နေ့ညနေပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန(Community  Centre)  ခန်းမ၌  စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ခဲ့သည်။
Jun 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ဝန်ထမ်းများအရည်အသွေးမြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ပါအခန်း(၈) ခွင့်ခံစားခြင်းနှင့်အခန်း(၉) ကူးပြောင်းချိန်ကာလသတ်မှတ်ချက်များအကြောင်းကို စာဖတ်ဝိုင်းဆွေးပွဲပြုလုပ်ခဲ့သည်။
Jun 15,2022
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အသိပညာပေးဟောပြောပွဲနှင့်  ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းကောက်ယူခြင်း အခမ်းအနားကို ကျိုင်းတုံမြို့၊
Jun 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန်ရည်ရွယ်၍ စာရေးဆရာဦးအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Jun 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမအတွင်း နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲတို့ကို  ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
Jun 15,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဖမ်းဆီးရမိ ပုံစံ(၈)ဝင်သစ်များ ဖမ်းဆီးအရေးယူမှုတွင် ပါဝင်ခဲ့သူများအား ဆုကြေးငွေများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jun 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မြောက်ပိုင်းကျေးရွာအုပ်စု(၃)အုပ်စုမှကြီးမှူး၍ သဗ္ဗေညုမင်္ဂလာစေတီ ထီးတော်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက (လင်းခေး-ဝမ်စစ်-ဟိုင်းကွေ့ ကျေးရွာချင်းဆက်လမ်း)ဟွေလိပ်တံတား အနီးရှိ စေတီတည်ရာနေရာ၌ကျင်းပခဲ့ကြောင်း သိရသည်။