အမြို့မြို့အနယ်နယ်သတင်းများ

Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ် မိုးရာသီသစ်တောသစ်ပင် စိမ်းလန်းစိုပြည်ရေးအတွက် ရာပြည့်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၅၀၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူးထံမှ သိရသည်။
Jun 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ အောင်သင်း ရေးသားသည့် '' အားနေသောလက်များ''စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
Jun 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံများကို ရေတင်စိုက်ပျိုးကြပြီး ထိုင်ဝမ်ပြောင်းချို စိုက်ပျိုးသူများ ဈေးကောင်းရရှိကြ၍ အဆင်ပြေ‌ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Jun 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် စာပေဝါသနာရှင် အများပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် အ.လ.က(၄)ကျောင်းသို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ စာဖတ်သူများ လက်ဝယ်သို့ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။
Jun 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပိတောက်ကုန်း(လယ်)ကျေးရွာသို့ ယမန်‌နေ့နေ့လယ်အချိန်က ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Jun 14,2022
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက်(၉) နာရီခွဲအချိန်တွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင်
Jun 14,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်- ၁၉ ရောဂါ ကင်းဝေးစေပြီးကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုစဉ် ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ  ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 14,2022
မွန်ပြည်နယ် မုဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၇ နာရီက မြို့မ (၄)ရပ်ကွက်တွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။