အမြို့မြို့အနယ်နယ်သတင်းများ

Jun 07,2022
ရာသီအလိုက်ထွက်ရှိသည့် စားသုံးသူများ ကြိုက်နှစ်သက်သောအသီးအနှံ ‌ကြက်မောက်သီးပင်အား မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုဖြင့် အသီးအနှံထွက်ရှိချိန်၌ အပိုဝင်ငွေများ ရရှိနိုင် ကြောင်းသိရသည်။ အဆိုပါကြက်မောက်သီးပင်အား ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် ယခင်ကစိုက်ပျိုးသူနည်းပါးသော်လည်း ယခုနှစ်များတွင် ဒေသခံများမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုများလာကြောင်း သိရသည်။
Jun 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက သဲကုန်းမြို့မဈေးအတွင်းရှိ စားသုံးဆီရောင်းချသော ဈေးဆိုင်များနှင့် မြို့ပေါ်ရှိ ဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူ ပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာရေး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ သည် သတ်မှတ်ကာလ ၆ လ ပြည့်တော့မည်ဖြစ်သဖြင့် လိုက်နာဆောင်ရွက်ရေးတို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Jun 07,2022
သာကေတမြို့နယ်တွင် ၂၀၂၂ ခုနှစ် နိကာယ်စာမေးပွဲကို သာကေတမြို့နယ်စာဖြေဌာန ဇိနမာရ်အောင် စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်အတွင်း၌ ဇွန်လ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ မွန်းလွဲ (၁:၀၀) နာရီမှ ညနေ (၅:၀၀) နာရီထိ ကျင်းပလျက်ရှိသည်။
Jun 07,2022
ရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြစို” ဆောင်ပုဒ်နှင့်အညီ
Jun 07,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားသည့် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က  အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။
Jun 07,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ စီစဉ်ပြုလုပ်သော ပြည်ခရိုင် ခြောက်မြို့နယ်အတွင်းရှိ စံပြကြက်ခြေနီဂုဏ်ထူးဆောင် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်မြို့ ရတနာမာရ်အောင် အဆင့်မြင့်အိမ်ရာ(၃)လမ်းရှိ တာရာလင်းရေခဲမုန့်ဆိုင်၌ ကျင်းပရာ ရှေးဦးစွာ ပြည်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
Jun 07,2022
“ကျောင်း​နေအရွယ်က​လေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်​ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ထိုးနှံကြပါစို့” ဆိုသည့် ​ဆောင်ပုဒ်နှင့်အညီ ​ကျောင်းသား၊​ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်​ဆေးများ ထိုးနှံ​ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အ.ထ.က(၁)​ကျောင်း၊ ဧကရီခန်းမ၌ ယ​နေ့နံနက် ၉:၃၀ နာရီအချိန်မှစ၍ အသက် ၅နှစ်မှ ၁၁နှစ်အထိ ​ကျောင်းသား၊​ ကျောင်းသူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး Sinopharm ကိုလည်း​ကောင်း အသက် ၁၂နှစ်မှ ၁၅နှစ်အထိ ​ကျောင်းသား​ကျောင်းသူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး Myancopharm ကိုလည်း​ကောင်း ပထမအကြိမ် ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။
Jun 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက်လမ်းခင်းခြင်း၊အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့(ဂ)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။