ပြည်ခရိုင်အတွင်း စံပြကြက်ခြေနီ ဂုဏ်ထူးဆောင် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ပြည် ဇွန် ၇

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြည်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ စီစဉ်ပြုလုပ်သော ပြည်ခရိုင် ခြောက်မြို့နယ်အတွင်းရှိ စံပြကြက်ခြေနီဂုဏ်ထူးဆောင် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်မြို့ ရတနာမာရ်အောင် အဆင့်မြင့်အိမ်ရာ (၃) လမ်းရှိ တာရာလင်းရေခဲမုန့်ဆိုင်၌ ကျင်းပရာရှေးဦးစွာ ပြည်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသော ပြည်ခရိုင်အတွင်းရှိ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့် သဲကုန်းမြို့နယ်တို့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များအနက် နှစ် (၅၀) ပြည့်စံပြ ရွှေရတုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သော ပုဂ္ဂိုလ်များ၊ အသက် (၆၅) နှစ်ပြည့် ဂုဏ်ထူးဆောင်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့တွင် တာဝန်‌ထမ်း‌ဆောင်မှု နှစ် (၃၀) ပြည့် ဂုဏ်ထူးဆောင်တပ်ဖွဲ့ဝင်များနှင့် (၁၅) နှစ်ပြည့် ဂုဏ်ထူးဆောင်တပ်ဖွဲ့ဝင်များအား ပြည်ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး ဂုဏ်ပြုခံစံပြကြက်ခြေနီ ဂုဏ်ထူးဆောင် (၂) ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)