သဲကုန်းမြို့တွင် စားသုံးဆီရောင်းချသည့် ဆိုင်ကြီးများအား အသိပညာပေး ဆွေးနွေး

သဲကုန်း ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက သဲကုန်းမြို့မဈေးအတွင်းရှိ စားသုံးဆီရောင်းချသော ဈေးဆိုင်များနှင့် မြို့ပေါ်ရှိ ဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူ ပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာရေး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ သည် သတ်မှတ်ကာလ ၆ လ ပြည့်တော့မည်ဖြစ်သဖြင့် လိုက်နာဆောင်ရွက်ရေးတို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသော ဆီအမျိုးအစားနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရန်၊ ကုန်စည်အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားပါကြောင်း၊ ယင်းညွှန်ကြားချက်သည် ဇွန်လ ၂၀ ရက်နေ့တွင် သတ်မှတ်ကာလပြည့်မီ၍ အာဏာတည်မည်ဖြစ်ပါဖြင့် လုပ်ငန်းရှင်များအနေဖြင့် အလေးထား လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများတွင် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပြီး စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူ ပို့ဆောင်ခြင်းနှင့် ပတ်သက်သည့် အသိပေးကြေညာချက်ကို ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)