အမြို့မြို့အနယ်နယ်သတင်းများ

Jun 08,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်၍ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်သော ၁၃၈၄-ခုနှစ် (၂၀၂၂)ခုနှစ်၊ နိကာယ်စာမေးပွဲ(ဝိဒူတန်း) စတင်ဖြေဆိုနေမှု အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်ကျောင်း၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နေကြာနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး နည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
Jun 07,2022
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် ရာသီပေါ်သီးနှံတစ်ခုဖြစ်သည့် တညင်းသီးများ ယခင်နှစ်ထက်ပိုမို၍ စျေးကောင်းရရှိပြီး ပေါများစွာထွက်ရှိကြောင်းသိရသည်။
Jun 07,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က စလင်းမြို့လူစည်ကားရာနေရာဖြစ်သည့် မီးပွိုင့်လမ်းဆုံနှင့် စလင်းမြို့မ စည်ပင်သာယာစျေးနားတို့တွင် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့သည်။
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဆင့်နှင့် အဆင့်မြင့်ပညာကျောင်းအသီးသီး၌ ပညာသင်ကြားနေကြသေ
Jun 07,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။