အမြို့မြို့အနယ်နယ်သတင်းများ

Jun 07,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က စလင်းမြို့လူစည်ကားရာနေရာဖြစ်သည့် မီးပွိုင့်လမ်းဆုံနှင့် စလင်းမြို့မ စည်ပင်သာယာစျေးနားတို့တွင် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့သည်။
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဆင့်နှင့် အဆင့်မြင့်ပညာကျောင်းအသီးသီး၌ ပညာသင်ကြားနေကြသေ
Jun 07,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟောပြောပွဲအခမ်းအနားကို သိန္နီမြို့ အထက(၁)ရှိ ရွှေစင်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jun 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေး နှင့် စောင့်ရှောက်ရေးတွင်ပါဝင်သည့် သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရန်၊ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက်ရှိ အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွား (၉)ဦးတို့အား အိမ်တိုင်ရာရောက်ကွင်းဆင်း၍ လူမှုရေးပင်စင်ငွေများ ကို အိမ်တိုင်ရာရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
Jun 07,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  အစိုးရနိကာယ်စာမေးပွဲကိုယနေ့မွန်းလွဲ (၁:၀၀)နာရီအချိန်က တောင်တန်းသာသနာပြုဗဟိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 07,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏  ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ဇွန်လ ၃ရက်နေ့က နေပြည်တော်သို့ သွားရောက်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့်
Jun 07,2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘဏ္ဍာရေးနှစ်အလိုက် ကောက်ခံရန်ကျန်ရှိသည့် ကြွေးကျန်များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကောက်ခံရမည့် အခွန်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ခန္တီးခရိုင်၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။