တန့်ယန်း ဇွန် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဆင့်နှင့် အဆင့်မြင့်ပညာကျောင်းအသီးသီး၌ ပညာသင်ကြားနေကြသော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၏ သားသမီးများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီက အဆိုပါရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစုများ၏ သားသမီးများအား ပညာသင် ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြား၍ မိသားစုစည်းရုံးရေး ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ အဆင့်မြင့်ပညာအတွက် (၇)ဦး၊ အခြေခံပညာ အထက်တန်းဆင့်အတွက် (၁၅)ဦး၊ အလယ်တန်းဆင့်အတွက် (၆)ဦး၊ မူလတန်းဆင့်အတွက် (၂၉)ဦးတို့အား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)