စလင်း ဇွန် ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က စလင်းမြို့လူစည်ကားရာနေရာဖြစ်သည့် မီးပွိုင့်လမ်းဆုံနှင့် စလင်းမြို့မ စည်ပင်သာယာစျေးနားတို့တွင် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့သည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်သန်းနိုင်ဝင်း ဦးဆောင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့်အတူ ၂၀၂၀ ပြည့်နှစ် မော်တော် ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်းစာစောင်တွင်ပါရှိသည့် လမ်းဖြတ်ကူးလျှင် ဘယ်ကြည့်ညာကြည့် ဘယ်ပြန်ညာပြန်ကြည့်၊ လမ်းရှင်းမှကူးပါ ကားရှင်းသည့် နေရာမှကူးပါ လူကူးမျဉ်းကြားမှကူးပါ မျက်ကွယ်ရာမှမကူးရ စသည်ဖြင့် ယာဉ်မောင်းသူများ လိုက်နာရန်အချက် (၁၇) ချက်၊ သင့်ခရီး သာယာစေရန်မှအချက် (၆) ချက်၊ မော်တော်ဆိုင်ကယ်စီးလျှင် လိုက်နာရမည့်အချက် (၁၈) ချက်၊ ယာဉ်တိုက်မှု ဖြစ်လျှင်မှ (၅) ချက်မှာချက်ခြင်းရပ်ပါ၊ သက်ဆိုင်ရာသို့အကြောင်းကြားပါ၊ ဒဏ်ရာရသူများကို ကူညီပါ၊ ယာဉ်ထိန်းရဲ၏ညွှန်ကြားချက်များကို လိုက်နာပါ၊ မောင်းပြေးလျှင် ပြစ်မှုပြစ်ဒဏ်ပိုကြီးမည် စသည်ဖြင့် ယာဉ်မောင်းများနှင့် ဆိုင်ကယ်စီးသူများ၊ ဘေးတွဲဆိုင်ကယ်များ အား ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးများတပ်ဆင်ကြရန် တိုက်တွန်းပြောဆို အသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်းစာစောင် (၂၀၀) ခန့်ကို ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း ယာဉ်ထိန်း ရဲအုပ်သန်းနိုင်ဝင်းထံမှ သိရသည်။
မောင်လွင်(စလင်း)