ဘားအံမြို့၌ အစိုးရနိကာယ်စာမေးပွဲ ပထမနေ့ ကျင်းပ   

ဘားအံ ဇွန် ၇

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  အစိုးရနိကာယ်စာမေးပွဲကိုယနေ့မွန်းလွဲ (၁:၀၀)နာရီအချိန်က တောင်တန်းသာသနာပြုဗဟိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရနိကာယ်စာမေးပွဲကျင်းပရာတွင် ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ်၊ ဖာပွန်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ ပထမနေ့တွင် ဖြေဆိုရန် စာရင်းရေးသွင်းထားသော သံဃာတော်နှင့်သီလရှင်(၆၁)ပါးရှိပြီး လာရောက်ဖြေဆိုသော သံဃာတော်(၃၀)ပါးနှင့် သီလရှင်(၆)ပါးရှိကြောင်း၊ ဖြေဆိုသည့်ဘာသာရပ်များမှာ မဟာဝိဒူတန်းအုပ်စု (၁) နှင့် ဝိဒူတန်းအုပ်စု(၁)၊ အုပ်စု(၂)၊ အုပ်စု(၄)၊ အုပ်စု(၅)၊အုပ်စု(၈)တွင် ပါဝင်သော ဘာသာရပ်များကို ဖြေဆိုခဲ့ကြောင်း မြို့နယ်သံဃနာယကအဖွဲ့မှ သိရသည်။

အဆိုပါ အစိုးရနိကာယ်စာမေးပွဲကို မေလ(၇)ရက်နေ့မှ မေလ(၁၁)ရက်နေ့အထိ(၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုတော်မူသည့် ရဟန်းသံဃာတော်များနှင့် သီလရှင်များအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဦးစီးကော်မတီနာယကအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်များ၊နိကာယ်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများက ကြီးကြပ်‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)