ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(မိုင်းလား) အဖွဲ့ ကျိုင်းတုံလေဆိပ်သို့ ပြန်လည်ရောက်ရှိ

ကျိုင်းတုံ ဇွန် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏  ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ဇွန်လ ၃ရက်နေ့က နေပြည်တော်သို့ သွားရောက်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၁နာရီ ၄၀မိနစ်က ကျိုင်းတုံလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။

ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(မိုင်းလား) အဖွဲ့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများက ကျိုင်းတုံလေဆိပ်တွင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြောင်း သိရသည်။

မောင်မောင်နိုင်(ကျိုင်းတုံ)