ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များအား အိမ်တိုင်ရာရောက်ကွင်းဆင်းထောက်ပံ့

ဟိုပုံး ဇွန်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ  ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးတွင်ပါဝင်သည့် သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရန်၊ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက်ရှိ အသက် (၈၅)နှစ်နှင့် အထက်ဘိုးဘွား ()ဦးတို့အား အိမ်တိုင်ရာရောက်ကွင်းဆင်း၍ လူမှုရေးပင်စင်ငွေများ ကို အိမ်တိုင်ရာရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကွင်းဆင်းထောက်ပံ့ရာတွင် ဟိုပုံးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ   ဒေါ်သိင်္ဂီအောင်နှင့် ဝန်ထမ်းများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ဖြစ်သည့် ဧပြီ၊ မေလနှင့်ဇွန်လတို့အတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလစာအတွက်  ကျပ်သုံးသောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၁၂၆ ဦးရှိပြီး ကျန်ရှိသည့် ဘိုးဘွားများအား သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

နေမင်းထွန်း(ပအိုဝ်းဒေသ)