အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ အလက(ခွဲ)အမက (၉)၊ အလက(ခွဲ)အမက(၁၀)၊ အထက(၂)နှင့်မန်ခါကျေးရွာ အမကကျောင်းများရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး၊ အားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အမှတ်(၂)၊ အမှတ်၄ရပ်ကွက်ရှိ ပြည်သူများနှင့် လူစည်ကားရာဈေးထိပ်၊ လမ်းဆုံလမ်းမတို့တွင် ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးလျက် ရှိသည်။
Jun 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်‌ ပေါက်တောကျေးရွာနှင့် စမ်းမကြီးကျေးရွာသို့ ယမန်‌နေ့က မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ် ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅)နှစ်မှ အသက်(၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား
Jun 16,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ မဒေါ့ကန်ကျေးရွာတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ လူနေအိမ် ( ၁ )လုံး မျောပါသွားခဲ့ကြောင်း သိရသည်။
Jun 16,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန့်နေ့ ညနေပိုင်းက တိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
Jun 16,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေး၌ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်း ပံ့ပိုးပေးပြီး ခရိုင်အတွင်းရှိ ကျေးရွာ ၃၅ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။