ငပုတော ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ မဒေါ့ကန်ကျေးရွာတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ လူနေအိမ် ( ၁ )လုံး မျောပါသွားခဲ့ကြောင်း သိရသည်။
လူနေအိမ် ၁ လုံး မျောပါသွားရသည့် အကြောင်းရင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မဒေါ့ကန်ရေငန်တားတာပေါ်ရှိ လူနေအိမ်မှာ အလျား ၉၀ ပေ၊ အနံ ၁၀ ပေခန့်ရှိ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခြင်းကြောင့်ဖြစ်ကြောင်း၊ အဆိုပါအိမ်မှာ ဦးအောင်အောင်၏ နေအိမ်ဖြစ်ပြီး အလျား ၂၀ ပေ ၊ အနံ ၂၅ ပေ ၊ အမြင့် ၁၂ ပေ ရှိ ပျဉ်ခင်း၊ ဓနိမိုး၊ ဓနိကာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် (၃၀၀၀၀၀)(သုံးသိန်း)ခန့်ရှိပြီး လူနှင့်တိရိစ္ဆာန် ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ မိသားစုများအား ၎င်းတို့၏ဆွေမျိုးများ နေအိမ်သို့ ပြောင်းရွှေ့ ပို့ဆောင်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန် ၁ အိတ်၊ ဆီ ၅၀ ကျပ်သား၊ ခေါက်ဆွဲခြောက် ၁ ဖာနှင့် ထောက်ပံ့ငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြိုကျသွားသည့် မဒေါ့ကန် ရေငန်တား တာအားပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်နှင့် မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းနှင့် သုံးခွတိုက်နယ်မှ နယ်မြေခံစခန်းမှူးတို့က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းနှင့် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)