ကျောက်မဲမြို့နယ်မှအသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျောက်မဲ ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ အလက(ခွဲ)အမက (၉)၊ အလက(ခွဲ)အမက(၁၀)၊ အထက(၂)နှင့်မန်ခါကျေးရွာ အမကကျောင်းများရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်း (၄) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနံရန် အကျုံးဝင်သည့် ကျောင်းသား ၉၀၀ ဦးခန့်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်အကျုံးဝင်သည့် အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူပေါင်း (၁၅၅၆၆) ဦး‌ရှိကြောင်း၊ ယမန်နေ့အထိ စာရင်းအရ ကျောင်းသားကျောင်းသူ (၅၁၈၀) ဦးအား ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ ကျန်ရှိကျောင်းများမှ ကျောင်းသားကျောင်းသူများကိုလည်း ကို‌ဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)