ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒဂုံအရှေ့ ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး၊ အားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အမှတ်(၂)၊ အမှတ်၄ရပ်ကွက်ရှိ ပြည်သူများနှင့် လူစည်ကားရာဈေးထိပ်၊ လမ်းဆုံလမ်းမတို့တွင် ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး၊ အားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူ၏စီစဉ်ကြီးကြပ်မှုဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိရာ အမှတ်၂၊ အမှတ် ၄ ရပ်ကွက်တွင် မြို့နယ်/ရပ်ကွက် မိခင်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများပါဝင်သော ပူးပေါင်းအဖွဲ့တို့က ရပ်ကွက်နေပြည်သူများသို့ အိမ်တိုင်ရာရောက် လိုက်လံဖြန့်ဝေခြင်းနှင့် ဈေးရောင်းဈေးဝယ်များ၊ ဖြတ်သန်းသွားလာပြည်သူတို့ကို သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေးလက်ကမ်း စာစောင်များအား အခမဲ့ဖြန်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်