အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  ယမန်နေ့တွင် ၁၃၂ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Jun 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ  မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ သိမ်းဆည်းလျက်ရှိရာ ပေါ်ဦးပေါ်စ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ် ၅၇၀၀၀ နှုန်းဖြင့် ရောင်းချရ၍ ဈေးကောင်းရရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
Jun 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ကျေးရွာများတွင် နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သော တညင်းသီးများကို စတင်ဆွတ်ခူး ရောင်းဝယ်လျက်ရှိကြကြောင်း သိရသည်။
Jun 21,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ်  စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်သူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို  စိုက်ပျိုးကြကြောင်းသိရသည်။ ယခုနှစ်တွင် တံတားဦးမြို့နယ်၌ ချည်မျှင်ရှည်ဝါ (၄၂၁၅) ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jun 21,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုနေ့ အထိမ်းအမှတ် ဒီရေတောပျိုးပင်များစုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်က ကမာချောင်းကျေးရွာအုပ်စု ကမာချောင်းကျေးရွာရှိ ပင်လယ်ကမ်းခြေအနီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 21,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရုံးဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲကို ယမန်​နေ့ည​နေ ၃ နာရီခွဲချိန် အဆိုပါဌာနယာဉ်မောင်း စစ်​ဆေး​ရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Jun 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီ က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှကြီးမှူး၍ ၂၀၂၂-၂၀၂၃ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်ဧက(၂၀၀)၊မျိုးသန့်အထူးဇုန်ဧက(၇၅၀)၊စုစုပေါင်း ဧက(၉၅၀) အတွက် ရွှေတောင်-၁၀ ဝါမျိုးစေ့နှင့် လူးနယ်ဆေး(အင်ဖာနို ၁၀ WP )များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။