လိပ်သိုဒေသထွက် တညင်းသီးများ စတင်ဆွတ်ခူးရောင်းဝယ်

လိပ်သို ဇွန် ၂၁

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ကျေးရွာများတွင် နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သော တညင်းသီးများကို စတင်ဆွတ်ခူးရောင်းဝယ်လျက်ရှိကြကြောင်း သိရသည်။

ယခုနှစ်တွင် တညင်းသီး အနု၊ အရင့်အရွယ်အစားပေါ်မူတည်၍ စျေးနှုန်းသတ်မှတ်ဝယ်ယူမှု အမျိုးမျိုးဖြစ်ပေါ်လျက်ရှိရာပေါ်ဦးပေါ်ဖျား တညင်းသီးများကို လေးထောင့်ပုံးတစ်ပုံးလျှင် ကျပ် ၁၈၀၀၀ မှ ကျပ် ၂၈၀၀၀အထိစျေးနှုန်းရရှိကြပြီး တညင်းသီးများလှိုင်လှိုင်ထွက်ရှိလာသောအချိန်တွင် စျေးနှုန်းများပြောင်းလဲကျဆင်းသွားလေ့ရှိသည်။

ယမန်နှစ်က COVID ကူးစက်ရောဂါကြောင့်အရောင်းအဝယ် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်တွင် ရောင်းအားဝယ်အား ပြန်လည်ကောင်းမွန်လာနိုင်၍ ဒေသခံတညင်းသီးကုန်သည်များက မိမိတို့အဓိကထားပို့ဆောင်ရောင်းချလျက်ရှိသော တောင်ငူမြို့ရှိ ပွဲရုံများအပြင်အခြားသော မြို့များသို့လည်း ပို့ဆောင်ရောင်းချနိုင်ရန် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(လိပ်သိုပြန်/ဆက်)