အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Jun 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှမြေဆီလွှာဖွံ့ဖြိုး တိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့်စိုက်ပျိုးရေးဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ဧက (၃၅) ဧကစိုက်ခင်းများအား မေလမှစတင်ပြီး အကျိုးဆောင်တောင်သူများ၊ ဝန်ထမ်းများနှင့်အတူ စိုက်ပျိုးရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2022
ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့ဆက်ဆံရေးသင်တန်း(၁/၂၀၂၂)ကို ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။
Jun 21,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် (ထိုင်း-မြန်မာ)နယ်စပ်မြို့ဖြစ်သည့် မောတောင် မြို့-မြို့မဈေးအတွင်း ခြင်ပေါက်ဖွားမှု၊ ခြင်ခိုအောင်းမှု မရှိစေရေးနှင့် မိုးဦးကျကာလ ခြင်ကြောင့်ဖြစ်ပွားတတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မောတောင်မြို့စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ကြီးကြပ် ၍ ယမန်နေ့ ညနေ ၄နာရီ ဈေးသိမ်းအချိန် တွင် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးကြောင်း သိရသည်။
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင် (အရှေ့) ကျေးရွာတွင် Cash For Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းများကို ယမန်နေ့က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းကျေးရွာ(၁၀)ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို
Jun 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီကစ၍ စစ်ပင်တောင်အောက်ကျောင်းရပ်ကွက်ရှိ အမှတ် (၁၃) အခြေခံပညာ မူလတန်းကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်‌ဆေး Sinopharm အား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။