ဘုတ်ပြင်း ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုနေ့ အထိမ်းအမှတ် ဒီရေတောပျိုးပင်များစုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်က ကမာချောင်းကျေးရွာအုပ်စု ကမာချောင်းကျေးရွာရှိ ပင်လယ်ကမ်းခြေအနီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးရဲလင်းဦးနှင့်အဖွဲ့ဝင်များက ဒီရေတောပျိုးပင်များနှင့်အုန်းပင်များကို တာဝန်ရှိသူများအား အသီးသီးပေးအပ်ခဲ့ပြီးမြို့နယ် သစ်တောဦးစီးမှူးနှင့်ဝန်ထမ်းများ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများက သဘာဝဘေးဒဏ်ခံနိုင်သည့် ဗြူးခြေထောက်ပျိုးပင် (၁၀၀)ပင်၊ ဗြူးအုပ်ဆောင်းပျိုးပင်(၁၀၀)ပင်၊ လမုပျိုးပင်(၂၀၀)ပင်နှင့် အုန်းပင်(၁၀၀)ပင် စုစု ပေါင်းပျိုးပင်(၅၀၀)ပင်ကို ပင်လယ်ကမ်းခြေတစ်လျှောက် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)