အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ယနေ့နံနက် ၈ နာရီ အချိန်တွင် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွားများအား မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဒေါ်မို့မို့ကျော် ဦးဆောင်၍ နယ်မြေခံတပ်အသီးသီးမှ ဆရာဝန်များ၊ အခြားအဆင့်ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 23,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင် စားသုံးသူ​ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပ​သောစားသုံးသူ အကာအကွယ်​ပေး​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကို ယ​နေ့နံနက်၁၀နာရီချိန်​ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Jun 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည် စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေရေးအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ
Jun 23,2022
၂၀၂၂ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တိရစ္ဆာန်အစာနေဗီယာမြက်သရုပ်ပြ စိုက်ပျိုးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈နာရီခွဲအချိန်က ကျွဲတဲကျေးရွာအုပ်စု၊ မီးသွေးကန်ကျေးရွာ တောင်သူ ဦးသန်းဝင်း၏ ယာမြေတစ်ဧကတွင်ပြုလုပ်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးအောင်နှင့်ဝန်ထမ်းများ၊ ခရိုင်မွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်နို့စားနွားမွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုကြသည်။
Jun 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တိုက်နယ်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုကို
Jun 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်​နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြသခြင်းကို ယနေ့နံနက် (၁၀) နာရီ၌ ကသဲစုကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့သည် စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်ခုဖြစ်ပြီး ကြက်မောက်သီး၊ နာနတ်သီး စသည့် အသီးအနှံများ၊ နှစ်ရှည်၊ နှစ်တိုသီးနှံအပင်မျိုးစုံ စိုက်ပျိုးကြရာ ယခုနှစ်တွင် တောင်သူများမှ ကြက်မောက်၊ နာနတ်သီးများကို အဓိကထားစိုက်ပျိုးကြပြီး သင့်တင့်သော ဈေးကောင်းရရှိရေး မျှော်လင့်လျက်ရှိကြသည်။