စဉ့်ကိုင် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြသခြင်းကို ယနေ့နံနက် (၁၀) နာရီ၌ ကသဲစုကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက မူးယစ်ဆေးအမျိုးအစားများနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် စာပေများလေ့လာဖတ်ရှုကြရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက်လာမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကသဲစု ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာက အသိပညာဗဟုသုတများ လာရောက်ဟော ပြောပြသပေးပါသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါး အနန္တရာယ်၊ မူးယစ်ဟူကဆန့်ကျင်ကြ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေး ထုတ်လုပ်ပုံ၊ သုံးစွဲပုံများ၊ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများကို နံရံကပ်စာစောင်၊ ဓာတ်ပုံများဖြင့် ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူလူငယ်များက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)