အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လမ်းပြကြယ်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အသင်းသားမိသားစုဝင်များနှင့် ထူးချွန်စွာပညာသင်ကြားပေးခဲ့သော အသင်းဝင်ဆရာဆရာမများအား
Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီကစ၍ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
Jul 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉) နာရီခွဲအချိန် က ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 08,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဣဿရိယ သက်တော် (၇၇)၊ ဝါတော်(၅၇)၏ ဥတုဇ ရုပ်ကလပ်တော်အား ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အောင်သပြေတောရ ပရိယတ္တိစာသင်တိုက်မှ ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီးသို့ ပြန်လည် ပင့်ဆောင်လာရာ ယနေ့ နံနက်၉ နာရီခွဲက မာန်အောင်မြို့  မြို့မဆိပ်ကမ်းသို့ ရောက်ရှိကြောင်း သိရသည်။
Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်​ကြောင်း သိရသည်။
Jul 08,2022
စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 08,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်)စတင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၁၅) အခြေခံပညာ မူလတန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ​ဇေယျာသီရိမြို့နယ် ​ ​​ခေတ်​အေးကျေးရွာအုပ်စု၊ ​(စက်ကုန်း/ချောင်းဖျား)ကျေးရွာရှိ ကျေးရွာမြစိမ်း‌ရောင်ရန်ပုံ​ငွေကြီးကြပ်မှု​ကော်မတီဝင် ဦးဇော်မင်းခိုင်၏ ​နေအိမ်၌