မုံရွာ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့် ယင်းတို့၏ ပတ်ဝန်းကျင်ရှိမိဘများနှင့် ဆက်စပ်သူများအား အသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခဲ့သော လုပ်ငန်းရှင်များနှင့် အမြတ်ထုတ်သူများအပေါ် ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်များအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ဥပဒေစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ကော်မတီဝင်များမှ အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်းပြီး “ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များအကြောင်းတို့အပြင် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ သိကောင်းစရာများကိုလည်းကောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များရရှိမည့် အခွင့်အရေးများ၊ ကလေးသူငယ်ကို ရောင်းချခြင်း၊ ပြည်တန်ဆာပြုလုပ်ခိုင်းစေခြင်း၊ ညစ်ညမ်းပုံပြုလုပ်ဖြန့်ဖြူခြင်းနှင့် တရားခံလွှဲပြောင်းပေးခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ အဓိပ္ပါယ်ဖွင့်ဆိုချက်များအကြောင်း သိကောင်းစရာများကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများကလည်း မိမိတို့သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုများအပေါ် ကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများကို အားတက်သရော သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး လုပ်ငန်းများကို အရှိအဟုန်မြှင့်ပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီအနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအား တွေ့ရှိပါက ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်အကျဉ်း ရပ်ကွက်/ကျေးရွာ ထောက်ခံချက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ခံချက်၊ ကလေး၏ဓာတ်ပုံ၊ အသက်အထောက်အထား၊ အမှုဖွင့်ထားသောစာ စသည့်ဖြင့် အထောက်အထားခိုင်လုံစွာဖြင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ဖုန်းနံပါတ် ၀၇၁-၂၀၂၆၂၇၁, ၀၇၁-၂၀၂၂၈၇၂ တို့အပြင် ခရိုင်/မြို့နယ်လူမှုလူမှုဝန်ထမ်းရုံးများနှင့် မူလတန်းကြိုကျောင်းများသို့ ဆက်သွယ်၍ သတင်းပေးပို့နိုင်ပါကြောင်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအား ကျန်းမာရေးစရိတ်အဖြစ် တစ်ဦးလျှင် ငွေကျပ်၂၀၀၀၀၀နှုန်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအား ပြည်လည်ထူထောင်ရေးစရိတ်အဖြစ် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)