အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆက်ကပ်လှူဒါန်းသည့် ၂၀၂၂ ခုနှစ်၊ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်များ လှူဒါန်းပွဲကို ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရမ္မာဝတီခန်းမ၌ ကျင်းပကြသည်။
Jul 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သူနှင့် ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ စ၍ သိန္နီမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူများ၊ နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန် ကာယ၊ ဉာဏ၊ စာရိတ္တများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ(၂) နာရီက ဉာဏစွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Jul 08,2022
လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊  ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၁၇)တွင် ယနေ့နံနက် ၁၀ နာရီခွဲက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၁)ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
Jul 08,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနား ကျင်းပခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Jul 08,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က မင်းပြားမြို့နယ် ခေါင်းလောင်းရွာသစ်ကျေးရွာ မူလတန်းကျောင်း၌  ကျင်းပပြုလုပ်သည်။