ဒဂုံတောင် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်၌ ပထမအကြိမ် မြို့နယ်လုံးကျွတ် ဝါဆိုသင်္ကန်းဆက်ကပ်ရန် ဆောင်ရွက်မည့်အခြေအနေများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ ဖွင့်လှစ်ပြီးစီးမှုနှင့် ဆက်လက်ဖွင့်လှစ်မည့် အခြေအနေများ၊ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် မိမိတို့မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်ပွဲစဉ်များ၊ ပြိုင်ပွဲဝင်ဦးရေများအား ရှင်းလင်းဆွေးနွေးပြီး ဝါဆိုသင်္ကန်း ဆက်ကပ်နိုင်ရေးအတွက် လိုအပ်သည်များ ပါဝင်လှူဒါန်းပေးခြင်းအား ကျေးဇူးတင်ပါကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအချင်းချင်း ညီ၊ အကို၊ မောင်နှမများကဲ့သို့ ရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင်ရွက် ကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးနေမျိုးအောင်က ဌာနဆိုင်ရာများ လုံခြုံ ရေးအထူးဂရုပြုကြရန်၊အသွားအလာ သတိထားသွားလာကြရန် များပြောကြားပြီး ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်မှုအတွက် လိုအပ်သည်များ ဆွေးနွေးတင်ပြရန်ပြောကြားရာ တက်ရောက်လာသော ဌာနဆိုင်ရာများမှ လက်ရှိ ဆောင်ရွက်နေသည့် အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေမျိုးအောင်က ပေါင်းစပ်ညှိနှိုင်းပေးကြောင်း သိရသည်။
သန်းသန်းအေး(ဒဂုံတောင်)