ကသာ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉) နာရီခွဲအချိန် က ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က ကလေးသူငယ်အခွင့်အရေးနှင့် ကိုယ်တိုင်သိရှိနားလည်းရေး ဆိုင်ရာများ၊ လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်စို့ ဆိုင်ရာခေါင်းစဉ်များ၊ ခရိုင်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက မိတ်ဆက်စကား ပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးမောင်မောင်စိုးက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ မိုင်းအန္တရာယ် အသိပညာ ပေးခြင်း၊ လူငယ်နှင့်မျိုးချစ်စိတ်ဓါတ်ရှင် သန်ခိုင်မာရေး စသည့်အကြောင်းအရာများကို ဟောပြော ခဲ့ကြသည်။
ထို့နောက် ဆရာ၊ ဆရာမများ ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ နဝမတန်းနှင့် အဌမတန်းမှကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)