ရွှေပြည်သာမြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံ

ရွှေပြည်သာ ဇူလိုင် ၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်)စတင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၁၅) အခြေခံပညာ မူလတန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(၉)ကျောင်း အခြေခံပညာမူလတန်းကျောင်း(၃၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၄)ကျောင်း စုစုပေါင်း(၈၄) ကျောင်းမှ ကျောင်းသား/သူများကို ရွှေပြည်သာမြို့နယ် ကျန်းမာရေးဌာနမှဝန်ထမ်းများက အဖွဲ့များခွဲကာ အလှည့်ကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

‌ကျောင်းသား/သူများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း