မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေဆဌမအကြိမ် ပြန်လည်ထုတ်​ချေး

ဇေယျာသီရိ ဇူလိုင် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ​ဇေယျာသီရိမြို့နယ် ​ ​​ခေတ်​အေးကျေးရွာအုပ်စု၊ ​(စက်ကုန်း/ချောင်းဖျား)ကျေးရွာရှိ ကျေးရွာမြစိမ်း‌ရောင်ရန်ပုံ​ငွေကြီးကြပ်မှု​ကော်မတီဝင် ဦးဇော်မင်းခိုင်၏ ​နေအိမ်၌ မြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ တာဝန်ရှိသူ များကမြစိမ်း​ရောင်​ကျေးရွာစီမံကိန်း  ​ရန်ပုံ​ငွေဆဌမအကြိမ်ထုတ်ချေးခြင်း‌ကို ယနေ့နံနက်ပိုင်းက ဆောင်င်ရွက်သည်။

ရှေးဦးစွာ ဇေယျာသီရိမြို့နယ်‌ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဌာနမှ စီမံကိန်းတာဝန်ခံ ဦးကိုကို​အောင်က စီမံကိန်းဆိုင်ရာများ ရှင်းလင်းကာ  ရန်ပုံ​ငွေကျပ်(၄၈၈)သိန်းအား မြို့နယ် စီမံကိန်း အ​ကောင်အထည်​ဖော်​ရေး​ကော်မတီဝင်ဦးစိုး​ရွှေ၊ ဒုတိယဦးစီးမှူး၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနတို့မှ ​ကျေးရွာ​ကော်မတီထံလွှဲ​ပြောင်း​ပေးအပ်သည်။ ထို့နောက် စိုက်ပျိုး​ရေးလုပ်ကိုင်သူ(၅၀)ဦးအား ငွေကျပ်(၁၄၀.၅)သိန်း၊ ​မွေးမြူ​ရေးလုပ်ကိုင်သူ (၁၀၅)ဦးအား ​​ငွေကျပ်(၂၉၉)သိန်း၊ အ​ရောင်းအဝယ်လုပ်ကိုင်သူ(၁၃)ဦးအား ​ငွေကျပ် (၄၈.၅)သိန်း၊ စုစု​ပေါင်းအသင်းသား(၁၆၈)ဦး၊ မြစိမ်းရောင်စီမံကိန်းရန်ပုံ​ငွေကျပ်(၄၈၈)သိန်းအား Covid-19 ​ရောဂါကွာကွယ်​ရေးလမ်းညွှန်ချက်နှင့်အညီ ထုတ်​ချေး​ပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)