နမ္မတူမြို့နယ်တွင် လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အသင်းသား မိသားစုဝင်များအား ဂုဏ်ပြုငွေများပေးအပ်

နမ္မတူ ဇူလိုင် ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လမ်းပြကြယ်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အသင်းသားမိသားစုဝင်များနှင့် ထူးချွန်စွာပညာသင်ကြားပေးခဲ့သော အသင်းဝင်ဆရာဆရာမများအား ဂုဏ်ပြုငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လမ်းပြကြယ်ငွေစုငွေချေး သမဝါယမအသင်းရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင်ရှေ့ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဦးဆမ်မန်းက အမှာစကားပြောကြားပြီး လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ ဥက္ကဋ္ဌ ဦးသိန်းကြည်ဦးက ဂုဏ်ပြုငွေများပေးအပ်ခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဦးစီးအရာရှိ ဦးဆမ်မန်းနှင့် လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်း လီမိတက်မှ တာဝန်ရှိသူများက အသင်းသားမိသားစုဝင်များဖြစ်သော တက္ကသိုလ်ဝင်တန်း အောင်မြင်သည့်  ကျောင်းသား၊ ကျောင်းသူ (၃၁)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀)ကျပ်နှုန်း ဖြင့်လည်း ကောင်း၊ (၄)ဘာသာ ဂုဏ်ထူးရရှိသည့် ကျောင်းသား(၁)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရရှိသည့် ကျောင်းသူ(၁)ဦးနှင့် (၁)ဘာသာ ဂုဏ်ထူးရရှိသည့် ကျောင်းသားကျောင်းသူ (၅)ဦးတို့အတွက် ဂုဏ်ထူးရဘာသာ တစ်ဘာသာလျှင် ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ထူးချွန်စွာ ပညာသင်ကြားပေးခဲ့သော အသင်းဝင် ဆရာဆရာမ  (၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၅၀၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း စုစုပေါင်းငွေကျပ် (၁၉၂၀၀၀၀)ကျပ်အား ထူးချွန်သူများ လက်ဝယ် အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ ဥက္ကဋ္ဌ ဦးသိန်းကြည်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)