ဒဂုံမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အကြိုနံရံကပ်စာ​စောင်၊ ဓါတ်ပုံ၊ စာအုပ်စာ​စောင်ပြပွဲနှင့်ဟောပြောပွဲ အခမ်းအနားကျင်းပ

ဒဂုံ ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Centre) တွင်ယနေ့နံနက် (၁၀း၀၀)နာရီက (၇၅) နှစ်မြောက်အာဇာနည်နေ့အကြို နံရံကပ်စာ​စောင်၊ ဓါတ်ပုံပြပွဲ နှင့်ဟောပြောပွဲ ကျင်းပ​ဆောင်ရွက်ခဲ့သည်။            

အဆိုပါ  နံရံကပ်စာ​စောင်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲနှင့်ဟောပြောပွဲသို့ မြို့နယ်တွင်းရှိ အ​​ခြေခံပညာ​ကျောင်းများမှ​ ကျောင်းသား​ကျောင်းသူများ တက်​ရောက်ခဲ့ကြပြီး ဒဂုံမြို့နယ်ဦးစီးအရာရှိ ​ဒေါ်​မေသန္တာက အာနည်​နေ့ဖြစ်​ပေါ်လာပုံ၊ ၁၉၄၇ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျဆုံးခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ သမိုင်း​ကြောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာပြည်ကို ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲ၍ သိမ်းပိုက်ခဲ့ပုံ၊ လက်နက်၊ လူအင်အားမမျှခြင်း၊ စည်းလုံးညီညွတ်မှု မရှိခြင်းတို့ကြောင့်  နယ်ချဲ့တို့ကနှစ်ပေါင်း(၁၀၀)ကျော် အုပ်ချုပ်ခဲ့ပြီး ကျွန်ဘဝကျ​ရောက်ခဲ့ကြောင်းများကို အာဇာနည်နေ့အကြိုဟောပြော​ ဆောင်ရွက်ခဲ့သည်။

ထို့​နောက်​ ကျောင်းသားကျောင်းသူများမှ (၇၅)နှစ်​မြောက်အာဇာနည်​နေ့ အကြိုအဖြစ် ပြသထား​သော နံရံကပ်စာ​စောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာ​စောင်များကို စိတ်ဝင်စားစွာ ကြည့်ရှု​လေ့လာခဲ့ကြ​ကြောင်း သတင်းရရှိသည်။

​မေသန္တာ