ဖလမ်း ဇူလိုင် ၉
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေးအပ်ပွဲနှင့်မြို့သန့်ရှင်းသာယာလှပ ရေးစုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ခြင်းကို ဇူလိုင် ၉ ရက်၊နံနက် ၉ နာရီက ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၊ လွတ်လပ်ရေးစေတီအနီးတွင် ကျင်းပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း ကမိုင်းဘောပင်ကိုပေးအပ်ရာခရိုင်မီးသတ်ဦးစီးမှူး ဦးစာရုံမန်းက လည်းကောင်း၊ အဖွဲ့ဝင်ဒုတိယမိုလ်မှူးကြီး ဝင်းဇော်လတ်က ချယ်ရီပင်ကိုပေးအပ်ရာခရိုင်ပညာရေးမှူးဦးခေါဂေကီးကလည်းကောင်း၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်ညီနှင့်တာဝန်ရှိသူများ ကလည်းကောင်း ပျိုးပင်များပေးအပ်ကြရာ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခေါင်၊ အဖွဲ့ဝင် ဗိုလ်မှူးအောင်မျိုးထွဋ်၊ အတွင်းရေးမှူးရဲမှူးတင်ထွန်းနှင့်တာဝန်ရှိသူများက ပျိုးပင်များအား ပေးအပ်ရာ မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများနှင့်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက လက်ခံရယူကြသည်။ ယနေ့ပေးအပ်သည့်ပျိုးပင်များမှာ ချယ်ရီပင်(၄၆၅)ပင်၊ မက်ခေါက်ပင် (၁၅၂) ပင်၊မိုင်းဘောပင်(၇)ပင် နှင့်ထင်းရှူးပင်(၁၀)စုစုပေါင်း (၆၃၄)ပင်ကိုပေးအပ်နိုင် ခဲ့ကြောင်း သိရသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့်မြို့သန့်ရှင်း သာယာလှပရေးအတွက် ကျင်မွာလ်ရပ်ကွက်ရှိ လွတ်လပ်ရေးစေတီ အားစုပေါင်း ရေသပ္ပါယ် သန့်ရှင်းရေးပြုလုပ်ခြင်း၊ မဟာဗောတိညောင်ပင်ပတ်ဝန်းကျင်၊ အထက(၂)ကျောင်းအဝင် လမ်းဘေးဝဲယာနှင့် လွတ်လပ်ရေး ကျောက်တိုင် ပတ်ဝန်းကျင်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရာ ဖလမ်းခရိုင်စီးမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြာကြောင်း သိရသည်။
အဆိုပါ ပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်းသန့်ရှင်းရေးဆောင်မှုတွင် ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ခရိုင်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ရပ်ကွက် အုပ်ချုပ်ရေး မှူးများတက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
ကိုရှိန်း