ပေါက်တောမြို့၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပေါက်တော ဇူလိုင်  ၉

ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီက ပေါက်တောမြို့ရှိ အ.ထ.က ပေါက်တော၊ ရွှေဘန်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး  ဦးမြမင်းထွန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ဟောပြောပြီး တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည့်များကို မေးမြန်းကြရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမြမင်းထွန်းက ပြန်လည်ဖြေကြားပေးသည်။

ထို့နောက် မြို့နယ်အားကစားမှူး ဦးမြမင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်၊ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် မြို့မိမြို့ဖဦးထွန်းလှမောင်တို့က အားကစားပစ္စည်းများ လှူဒါန်းရာ အ.ထ.က-ပေါက်တောမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်းက လက်ခံသည်။ ဆက်လက်ပြီး ရွှေဘန်းခန်းမအတွင်း ကာယနည်းပြဆရာမနှင့်အတူ စုပေါင်းကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)