ကမာရွတ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာရောင်းချပေး

ကမာရွတ် ဇူလိူင် ၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ စီစဉ်မှုဖြင့် ယနေ့နံနက်(၇း၀၀)နာရီအချိန်က ကမာရွတ်မြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ မြန်မာအသံဝင်းတွင်  အ​ခြေခံစား​သောက်ကုန်များဖြစ်သည့် ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။

ထို့သို့ရောင်းချပေးခဲ့ရာတွင် ​ကြက်တစ်ပိဿာ ၈၀၀၀ကျပ်၊ ဆိတ်သားသား တစ်ပိဿာ  ၂၂၀၀ဝကျပ်၊ အရိုးအသားတစ်ပိဿာ ၁၇၀၀ဝကျပ်၊  ကလီစာတစ်ပိဿာ ၁၇၀၀ဝ ကျပ်၊ အမဲတစ်ပိဿာ ၁၂၀၀ဝကျပ်၊ ဝက်သားအဆီအသားတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ဝက်သားလှိုင်းသား/အသားရှယ် တစ်ပိဿာ ၁၄၀၀၀ကျပ်၊ နံရိုးတစ်ပိဿာ ၁၀၀၀ဝကျပ် နှုန်းဖြင့် လည်းကောင်း၊ ဆန်ကုန်သည်ကြီးများအသင်းမှ ပေါ်ဆန်းတစ်အိတ် ၈၅၀ဝ ကျပ်၊ ရိုးရိုးဆန်တစ်အိတ် ၅၀၀ဝကျပ်၊  ကြက်ဥတစ်လုံး ၁၇၀ ကျပ်ဖြင့်  ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးဝန်ထမ်းများက စျေးလာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

စိမ်းလဲ့ (ပြန်/ဆက်)