ကျိုင်းတုံ ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယမ်းခကျေးရွာအုပ်စု၊ ဝမ်ဆမ်ရွာအနီး ကျိုင်းတုံ-တာချီလိတ် ကားလမ်းတွင် ယမန်နေ့က ကားတစ်စီးအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့ မောင်းနှင်လာသည့် YGN-ID/---TOYOTA LANDCRUISER မော်တော်ယာဉ်သည် ယာဘက်နောက်ဘရိတ်ရှူးများညိ၍ အပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းခဲ့ရာ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာမရရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်အား ပေါ့ဆစွာမောင်းနှင်အသုံးပြုသူအား ကျိုင်းတုံမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)