တံတားဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်အား ဝါဆိုသင်္ကန်းနှင့် အခြားလှူဖွယ်ပစ္စည်းမျာလှူဒါန်း

တံတားဦး ဇူလိုင် ၁၃

တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တံတားဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ပန်းယျကျေးရွာ စိန်ဖူးကျောင်းဆရာတော်အား ဝါတွင်းကာလ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းပွဲကို ယမန်နေ့ညနေ (၃) နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပကြောင်းသိရသည်။

ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းပွဲတွင်  မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ပန်းယျကျေးရွာ စိန်ဖူးကျောင် ဆရာတော်နှင့် တံတားဦးခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက “ နမောတဿ” သုံးကြိမ်ရွတ်ဆိုကြပြီး ဘဒ္ဒန္တ ကေသရထံမှ ငါးသီလခံယူဆောက်တည်ကာ  ဆရာတော်အား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ ဆီနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌမှ အနုမောဓနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကြသည်။

အဆိုပါလှူဒါန်းပွဲသို့ တံတားဦးမြို့ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးနှင့်  စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမေစံပယ်အောင်နှင့အဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များတက်ရောက်ကြကြောင်းသိရသည်။

ရဲတင့်