သံတောင်ကြီး ဇူလိုင် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် (၇၅) နှစ်မြောက်အာဇာနည်နေ့အကြောင်းသိရှိစေရန်၊ စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကို တန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများ ဖြစ်စေရန်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများသိစေရန် စာဖတ်စွမ်းပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး နော်လော်မူက စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ပြုလုပ်ရာ သံတောင်ကြီးမြို့ပေါ်ရှိ ကျောင်းသူ၊ ကျောင်းသား (၁၃) ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိနော်လော်မူက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ