သာယာဝတီမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၀၁၄၈၀) စိုက်ပျိုး

သာယာဝတီ ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ မိုးစပါးစိုက်ဧကများတွင် အရည်အသွေးကောင်းမွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများက လျာထားချက်ထက် စိုက်ဧကပြည့်မီကျော်လွန်စေရန်အတွက် ကြိုးစားထွန်ယက်စိုက်ပျိုးလျက်ရှိ​သည်။

သာယာဝတီမြို့နယ်အနေဖြင့် ယခင်နှစ်မိုးစပါးစိုက်ဧက (၁၀၁၄၈၀) ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်းပျှမ်းမျှ (၇၉.၄၉) တင်းနှုန်းထွက်ရှိခဲ့ကာ ဒေသဝမ်းစာဖူလုံမှုမှာ (၁၅၈.၇၈) ရာခိုင်နှုန်းရှိသော်လည်း ယခုနှစ်မိုးစပါးစိုက်ဧက (၁၀၁၄၈၀) ဧကစိုက်ပျိုးနိုင်ပြီး ဒေသဝမ်းစာဖူလုံရေးအတွက် ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတိုး၍ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များအား အများဆုံးစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဦးပြုံးချိုထံမှ သိရသည်။

သန့်ဇော်(ပြန်/ဆက်)