အုတ်ဖိုမြို့နယ်တွင် ကျက်ဆူတော-ထူးကုန်း-သဲနုန်း-မြောက်ညို ကုန်းလမ်းကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်

အုတ်ဖို ဇူလိုင် ၁၃

ဒေသခံပြည်သူများသွားလာရေးလွယ်ကူစေရန်အတွက်  သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ကျက်ဆူတောကျေးရွာ-ထူးကုန်းကျေးရွာ-သဲနုန်းကျေးရွာ- မြောက်ညိုကုန်းကျေးရွာတို့ဆက်သွယ်သည့်လမ်းအား ကျောက်ချောခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ(၃၃၉.၀၀)ကျပ်သန်းအကုန်ကျခံကာ လမ်းအရှည်(၁)မိုင်(၄)ဖာလုံ၊ လမ်းအကျယ်(၁၆)ပေအကျယ်၊ အမြင့်(၁၄)လက်မဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စုစုစံထံမှ သိရသည်။

အောင်သူ (ပြန်/ဆက်)