နောင်ချို ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထက(ခွဲ) နမ့်ဆောင်ဟူးကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် အကြိုဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထက(ခွဲ) နမ့်ဆောင်ဟူးကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာမြင့်က အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကာ အထက်တန်းပြဆရာမ ဒေါ်မျိုးမျိုးသန့်က အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့ပြီးနောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ပြုလုပ်ဆောင်ရွက်ရာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်နေ့ကို အောက်မေ့သတိရစေရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ စံနမူနာယူဖွယ် လုပ်ဆောင်ချက်များကို လေးစားတန်ဖိုးထားပြီး အတုယူနိုင်စေရန်ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အထူးဆုရရှိသူများကို (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အထက(ခွဲ)နမ့်ဆောင်ဟူး ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)