မိုင်းယုမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharmနှင့် Covishield) တတိယအကြိမ် ထိုးနှံ

မိုင်းယု ဇူလိုင် ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင်  အသက်(၁၈)နှစ်အထက် ပြည်သူများကို ယနေ့နံနက်ပိုင်းက   မြို့မရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharmနှင့် Covishield) တတိယအကြိမ် ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကျေးရွာအုပ်စုများသို့ မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရွာသူကြီးများ၊ ရပ်ကျေးစာရေးများနှင့် ကျန်းမာရေးဝန်ထမ်း များက ကွင်းဆင်းကာ အသက်(၁၈)နှစ်အထက်ဒေသခံပြည်သူ မြို့မရပ်ကွက်ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)တတိယအကြိမ်ထိုးနှံသူ ၅၀ ဦးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Covishield) တတိယအကြိမ်ထိုးနှံသူ(၅၀)ဦး၊ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharmနှင့် Covishield) တတိယအကြိမ် ထိုးနှံပြီးသူ (၁၀၀)ဦးကို ထိုးနှံပေးနိုင်ခဲ့သည်။

မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharmနှင့် Covishield) တတိယအကြိမ် ထိုးနှံရန်ကျန်ရှိသော တာကြန့်ကျေးရွာ အုပ်စု၊ မိုင်းလွေကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ ကျေးရွာအုပ်စုတို့မှ အသက်(၁၈)နှစ်အထက် ပြည်သူများကို သတ်မှတ်အုပ်စု စုရပ်နေရာတို့၌ ကွင်းဆင်းကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်