ကျောင်းကုန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျောင်းကုန်း ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရင်ဆိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ မျိုးဆက်သစ်လူငယ်များနှင့် မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ ဟောပြောခဲ့ပြီး၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး  ဦးထွန်းထွန်းဝင်းက အားကစား အမျိုးအစားများအကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ပုသိမ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစံက ကိုယ်ခံစွမ်းအား မြှင့်တင်ရေး အားကစား ပုံမှန်လှုပ်ရှားပေး ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ပြီး၊ အဆိုပါ .ထ.က(ခွဲ) ရင်ဆိုင်ကျောင်းသို့ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းလုံးတို့ကို ပေးအပ်ရာ အထက်တန်းပြဆရာ ဦးစိန်သန်းဦးက လက်ခံရယူခဲ့သည်။ ထို့နောက် U-16 အမျိုးသားဘောလုံးသင်တန်းတွင် သင်တန်းသား ၄၀ ဦး၊ U-18 အမျိုးသမီးဘောလုံးသင်တန်းတွင် သင်တန်းသား ၂၀ ဦးနှင့် ပြေး၊ ခုန်၊ ပစ် အားကစားတွင် သင်တန်းသား ၂၀ ဦး၊ စုစုပေါင်း(၈၀)ဦး လေ့ကျင့်နေရာသို့ ပုသိမ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဦးသိန်းစံက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)