မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာဆိုင်ရာများ၏ ၂၀၂၂ ခုနှစ် ဇူလိုင်လ ပထမလဝက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ငပုတော ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ၂၀၂၂ ခုနှစ် ဇူလိုင်လ ပထမလဝက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။

အစည်းအ​ဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ဌာနဆိုင်ရာများအနေဖြင့် မိမိ၏ လက်‌အောက်ဝန်ထမ်းများအား လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့် သင်ကြားပေးရန်၊ ဌာနဆိုင်ရာ ရုံးများအနေဖြင့် အပတ်စဉ် သောကြာနေ့တိုင်း ရုံးတွင်းရုံးပြင် သန့်ရှင်းရေးဆောင်ရွက်ရန်၊ အပတ်စဉ် စနေ့နေ့တိုင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့တွင် ပါဝင်သည့် ဌာနများ ပူးပေါင်း၍ စစ်ဆးဆောင်ရွက်ရန်၊ ဝန်ထမ်းမိသားစုများအ​နေဖြင့် ကိုဗစ်-၁၉  ကာကွယ်ဆေး (Booster) ထိုးနှံရန် ကျန်ရှိပါက ဆက်လက်ထိုးနှံကြရန်နှင့် လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့သည်။

ဆက်လက်ပြီး အဖွဲ့ဝင် (၂) ဗိုလ်မှုးဖြိုးသူရကျော်က မိမိဒေသလုံခြုံရေးကို အလေးထား ဆောင်ရွက်ပေးလျှက်ရှိပြီး နေ့ညမပြတ် လုံခြုံရေး လှည့်ကင်း၊ ပတ်ကင်းများဖြင့် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ နေသူများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာပါက ကြိုဆိုလက်ခံ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ မြို့နယ်ဌာန ဆိုင်ရာများမှ မိမိ၏ လုပ်ငန်း‌ဆောင်ရွက်မှုများကို ဆွေး‌နွေးတင်ပြကြရာ၊ တင်ပြလာမှုများအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော ၊ပြန်/ဆက်)