ဖား​ဆောင်းမြို့နယ်၊​ မော်ချီး​တောင်​ပေါ်ရွာ (အထက)​​ကျောင်းတွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများဆက်လက်ထိုးနှံ​

ဖား​ဆောင်း ဇူလိုင် ၁၄

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​​ မော်ချီး​တောင်​ပေါ်​ရွာတွင်​ကျောင်းသား/သူမျာ းကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉​ရောဂါ ကွင်းဆက်ပြတ်​တောက်နိုင်ရန်နှင့်​ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယမန်​​နေ့က အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများကို​ မော်ချီး​တောင်​ပေါ်ရွာ အ​ခြေခံပညာ​အထက်တန်းကျောင်းတွင် ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ကာကွယ်​ဆေးထိုးနှံ​ပေးရာတွင် မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ မြို့နယ်သူနာပြု(၁)​ဒေါ်သက်သက်​ထွေးနှင့် ဝန်ထမ်းများက ​ကျောင်းသား၊​ ကျောင်းသူများကို ကျန်းမာ​ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ​ ဆေးမထိုးနှံ​ပေးမီ ကိုယ်အပူချိန်တိုင်းတာ​ပေးခြင်း၊​ ဆေးထိုးပြီးသူများမိနစ်(၃၀)ခန့် နား​နေ​စောင့်ကြည့်ခြင်းများ​ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ဇွန်လပထမပတ်မှစ၍ ရက်အကန့်အသတ်မရှိ​ဆေးထိုးစုရပ်အလိုက် ထိုးနှံ​ပေးလျက်ရှိပြီး ထိုးနှံ​ပေးမည့်​ ဆေးအမျိုးအစားမှာ Sinopharm ​ဆေးအမျိုးအစားဖြစ်​ကြောင်း သိရသည်။

နန်းသဲနု​အောင်