ချောက်မြို့ အမှတ်(၂)အ​ခြေခံပညာ အထက်တန်း​ကျောင်း၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ချောက် ဇူလိုင် ၁၄

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ အမှတ် (၂) အခြေခံပညာအထက်တန်း​ကျောင်း၌ (၇၅) နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ်အကြို​ ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြသ​ခြင်းကို ယ​​နေ့နံနက် ၁၀ နာရီအချိန်က ယင်း​ကျောင်းရှိစွယ်​တော်ခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်သိမ့်ဝါက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်း​ကြောင်း၊ အာဇာနည်စိတ်ဓါတ်၊ အာဇာနည်​ခေါင်း​ဆောင်ကြီး ဗိုလ်ချုပ်​အောင်ဆန်း၏ စံပြုအတုယူစရာ အချက်များကိုလည်း​ကောင်း၊ အထက်တန်းပြဆရာမ​ ဒေါ်​အေး​အေးလွင်က အာဇာနည်​နေ့အကြောင်း သိကောင်းစရာ များကို​လည်းကောင်း ဟော​ပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲကို အမှတ် (၂) အ​ခြေခံပညာအထက်တန်း​ကျောင်း၊ ​ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးကြူ ကြီးကြပ်မှုဖြင့် ​ကျောင်းသား/ သူ၊ ဆရာ/ဆရာမ စုစုပေါင်းအင်အား (၂၈၀) ဦး တက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် ​​​​ကျောင်းသား /သူများက ချောက်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)